-->

Wednesday, June 11, 2014

ဖုန်းခေါ်လို့မရအောင် အထွက် Call ပိတ်ထားလို့ရတဲ့ App

ဖုန်းလာရင် ဖုန်းနာမည်ကို မိန်းကလေး (or) ယောင်္ကျားလေး အသံဖြင့် ပြောပြတဲ့ App

ရည်းစားစာ ရေးနည်း

အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်းရေခင်းပြတယ်၊
ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာမင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။
အခုအချိန်မှာ ၀က်ဖြစ်မှတော့မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။
မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး
ဖြစ်မနေပါနဲ့လို့။ယူမှာက မင်းကိုပါ။
ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က
ကဲမနေပါနဲ့လို့။မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာအလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ဒါပေမဲ့ပြောလိုက်ပါ။

Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း

Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ် ကြာသွားပါပြီ.

Gmail အကောင့်ကို Gtalk အတုနဲ့ ဟက်မယ်

Monday, June 2, 2014

Photo Slideshow Maker v2.2 (Android ဖုန်းနဲ့ Photo Slide Show လုပ်တဲ့ ဆော့ဝဲလ်အလန်းလေးပါ။ အမှန်ကန် ဗီဒီယိုဖိုင်နဲ့ Save လို့ရပါတယ်။


သူငယ်ချင်းတို့ရေ ဒီ ဆော့ဝဲလ်လေးကတော့ဖုန်းနဲ့ Photo Slide Show လုပ်ရတဲ့ ဆော့ဝဲလ်လေးပါ။ အရင်က ဆော့ဝဲလ်တွေအများကြီး စမ်းသုံးဖူးပါတယ်။ Slite Show လုပ်တုန်းက အဆင်ပြေပြီး ဗီဒီယို ဖိုင် ထုတ်တော့မယ်ဆိုရင် အဲဒီကစပြီး ပြဿနာ တတ်တာပဲ။ အခု တင်ပေးလိုက်တဲ့ ဆော့ဝဲလ်က အမှန် တကယ် ဗီဒီယို ဖိုင် ထုတ်လို့ရပါတယ်။

အောက်မှာ ကျနော် အစမ်းသီချင်းတပုဒ် Slide Show လုပ်ထားပါတယ်။ နမူနာ ကြည့်ကြည့်လိုက်ပါ။ အသုံးပြုနည်း ကတော့ အရမ်းလွယ်တာမို့ နည်းမရေးတော့ပါဘူး။ ဆော့ဝဲလ် ကိုဒေါင်းပြီး ကိုယ်တိုင် လက်ဆော့ကြည့်လိုက်ပါ။ ဒီဆော့ဝဲလေးကိုတော့ Android Version 2.2 အထက်တွေ အားလုံး မှာ သုံးနိုင်ပါတယ်။

နောက်ဆုံးထွက် Version ဖြစ်တဲ့ v2.2 Updated, January 13, 2014 ကိုတင်ပေးလိုက်တာပါ။ ကျနော် ကိုယ်တိုင် စမ်းထားတဲ့ App လေးဖြစ်တာမို့ စိတ်ချ လက်ချသာ ဒေါင်းပြီး အသုံးပြုနိုင်ပါပြီ။ စိတ်ဝင်စား ရင်အောက်က လင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Google Chrome မှာ IDM အလုပ်လုပ်အောင် ဖြေရှင်းနည်း

ဒီနည်းလေးက Google Chrome မှာ IDM အလုပ်မလုပ်တဲ့အခါ.. IDM အလုပ်လုပ်အောင် ဖြေရှင်းလို့ရမယ့် နည်းလမ်းလေးပါ..။ ကျန်ခဲ့တဲ့တပါတ်က သူငယ်ချင်းတယောက်ရဲ့စက်မှာ Google Chrome ဖွင့်သုံးတဲ့အခါ IDM အလုပ်မလုပ်လို့ ဒီနည်းနဲ့ ဖြေရှင်းပေးခဲ့ရပါတယ်..။ သူကတော့ Google Chrome မှာ Extension ထဲဝင်နေတဲ့ Toolbar တွေကို ဖျက်ထုတ်ပစ်ရင်း IDM Extension ပါ ပါသွားတဲ့အတွက် IDM နဲ့ ဒေါင်းလော့ချလို့ မရတော့တာပါ..။ ကျနော့်သူငယ်ချင်းရဲ့စက်မှာ ဒီနည်းနဲ့ လုပ်ပေးလိုက်လို့ အဆင်ပြေသွားပါတယ်..။ ကျနော်လည်း အခုနောက်ပိုင်း Mozilla တောင် သိပ်မသုံးဖြစ်တော့ပါဘူး..။ Google Chrome က လိုင်းကျနေတဲ့အခါတွေမှာ Mozilla မတက်ပေးနိုင်တဲ့ ဝဘ်ဆိုဒ်တွေကို အလွယ်လေး တက်ပေးနိုင်ပါတယ်..။ လိုင်းကောင်းရင်တော့ တအားမြန်ပါတယ်..။ ဒါကြောင့်လည်း Mozilla အစား Google Chrome ကို အသုံးများလာတာပါ..။ Google Chrome နဲ့ ပါတ်သက်လို့ မြန်မာစာ ပေါ်အောင်လုပ်နည်း တွေနဲ့ Bookmarks မှတ်နည်းတွေ အပြင် တခြားအသုံးပြုနည်းတွေကို ကျနော့် Blog ထဲမှာ ဟိုးအရင်တုန်းကတည်းက ပိုစ့်တွေ တင်ပေးထားပြီးသား ရှိပါတယ်..။ လိုအပ်တဲ့သူများ အဲ့ဒီပိုစ့်တွေမှာ ပြန်ကြည့်နိုင်ပါတယ်..။ ဒီပိုစ့်မှာတော့ Google Chrome မှာ IDM အလုပ်လုပ်အောင် ပုံလေးတွေနဲ့ အောက်မှာ ရှင်းပြထားပါတယ်..။ ကျနော့်သူငယ်ချင်းလို Google Chrome မှာ IDM အလုပ်လုပ်မလုပ်တဲ့သူများ အဆင်ပြေအောင် အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..။

Mozilla Firefox နှင့် သိသင့်စရာလေးများ မြန်မာစာပေါ်အောင်လုပ်နည်း)


Mozilla Firefox အသုံးပြုသူများအတွက် သိသင့်သိထိုက်တာလေးတွေကို ပြောပြချင်ပါတယ်..။ ကိုယ်ပိုင်စက်ရှိတဲ့ သူများကလည်း မိမိတို့ရဲ့အကောင့်တွေကို တခြား စက်ငှါးကြည့်တဲ့ လူများ အလွယ်တကူ ဖွင့်မကြည့်နိုင်အောင် ဒီနည်းလေးနဲ့ ကာကွယ်ထားသင့်ပါတယ်..။ အင်တာနက်ဆိုင်မှာ အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းလေးက မသိမဖြစ် တတ်အောင်သင်ထားသင့်တဲ့ နည်းလမ်းလေးတစ်ခုပါပဲ..။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းအတိုင်းမလုပ်ရင် မိမိတို့ ဖွင့်သုံးခဲ့တဲ့ အကောင့်တွေအားလုံးဟာ၊ ဝဘ်ဆိုဒ်တွေအားလုံးဟာ အင်တာနက်ဆိုင်က Mozilla Firefox ထဲမှာကျန်နေနိုင်ပါတယ်..။ ကိုယ့်နေရာမှာ နောက်လူဝင်ထိုင်ကြည့်လိုက်တာနဲ့ မိမိတို့ကြည့်ခဲ့တဲ့ ဝဘ်ဆိုဒ်တွေ ၊ မိမိတို့ရဲ့ အကောင့်တွေအားလုံးဟာ နောက်လူဆီကို ရောက်သွားပါလိမ့်မယ်..။
ဒါကြောင့် အင်တာနက်ဆိုင်မှာ အသုံးပြုသူများ အနေနဲ့ အထူးသတိထားသင့်တဲ့ အချက်လေးတွေပါပဲ..။ ဒါကြော့င် အင်တာနက်ဆိုင်ကို ရောက်တာနဲ့ အရင်ဆုံး Mozilla ကိုဖွင့် ဒီအောက်ကပုံလေးတွေမှာ ပြထားတဲ့အတိုင်း ပြောင်းပစ်လိုက်ပါ..။ ဒါဆိုရင် မိမိတို့ကြည့်ခဲ့တဲ့ မိမိတို့ရဲ့ အကောင့်တွေ ပါစ်ဝါ့တ်တွေကို Mozilla Firefox ကမမှတ်ထားတဲ့အတွက် သူများလက်ထဲ မရောက်နိုင်တော့ပါဘူး..။ ကိုယ်ပိုင်စက်ဝယ်သုံးတဲ့ သူများလည်း ဒီအဆင့်တွေအတိုင်း ပြောင်းလဲပေးထားရင် အကောင်းဆုံးပါပဲ..။ တချို့က ပါတ်စ်ဝါတ့်ခဏခဏရိုက်ရမှာကို ပျင်းလို့ Mozilla ဖွင့်တာနဲ့ အကောင့်တန်းပွင့်တာကို သဘောကျကြတယ်..။ အဲလိုဖြစ်အောင်လည်း လုပ်ထားတတ်ကြတယ်..။ ကြာလာတော့ မိမိတို့ရဲ့ ပါတ်စ်ဝါတ့်ကို မမှတ်မိကြတော့ဘူး..။ ပါတ်စ်ဝါတ့် မရိုက်တာကြာတော့ မေ့ကုန်ကြတယ်..။ အဲလိုမမေ့အောင်လို့ မိမိတို့ရဲ့ပါတ်စ်ဝါတ့်ကို ခဏခဏ ရိုက်ထည့်ပေးသင့်ပါတယ်..။ တခြားလူတွေ မသိနိုင်အောင်လည်း ဒီနည်းလေးအတိုင်း Mozilla ကို ပြောင်းလဲပေးထားသင့်ပါတယ်..။
ဒီနည်းလမ်းများနဲ့အတူ Mozilla Firefox 12.0 Beta Latest Version ကိုတင်ပေးလိုက်ပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 16.12 MB ရှိပါတယ်..။ Update အသစ်ကြိုက်သူများနဲ့ မရှိသေးသူများ ကတော့ အောက်ကလင့်မှာ ဒေါင်းလော့ချ ယူနိုင်ပါတယ်ခင်ဗျား...

ဒီပုံကတော့ Mozilla အသစ်နဲ့ အဟောင်း Option ဝင်လို့ရမယ့်နေရာကို ယှဉ်ပြထားတာပါ... Version အသစ်သုံးသူရော၊ အဟောင်းသုံးသူပါ အဆင်ပြေပြေ လုပ်တတ်အောင်လို့ပါ..။



Home Page မှာ Google.com လို့ရိုက်ထည့်လိုက်ပါ..။ ဒါမှ Mozilla ဖွင့်တာနဲ့ Google စာမျက်နှာ တန်းပေါ်မှာပါ..။



အောက်မှာပြထားတဲ့ ပုံက 8 နဲ့ 10 နေရာတွေက အရေးကြီးပါတယ်..။ သေချာလိုက်ကြည့်ပြီး လုပ်သွားလိုက်ပါ..။


မိမိတို့ရဲ့ ပါတ်စ်ဝါတ့်တွေကို Mozilla ကမမှတ်မိအောင် အောက်ပုံမှာ ပြထားတဲ့အတိုင်း 13 နေရာမှာ အမှန်ခြစ်  ဖြုတ်ပေးလိုက်ပါ..။


အပေါ်ပုံကအတိုင်း OK နှိပ်ပေးပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း New Windows ခေါ်ကြည့်လိုက်ပါ..။ Google စာမျက်နှာကို ပုံမှာပြထားတဲ့ အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်..။ ဒါဆိုရင်တော့ မိမိတို့ အဆင့်ဆင့်ပြောင်းလဲ ထားတာတွေအားလုံး အောင်မြင်သွားပါပြီ..။


နောက်တစ်ခုက မိမိတို့ရဲ့ Mozilla Firefox မှာ မိမိတို့ မလိုချင်တဲ့ မသုံးတဲ့ Tool Bar တွေကို ဖြုတ်ချင်ရင်၊ ဒါမှမဟုတ် ဖြုတ်ပြီးသားတွေ ပြန်တပ်ချင်ရင် အောက်ကပုံအတိုင်း အမှန်ခြစ်လေးများအား ဖြုတ်၊ တပ်လုပ်၍ စမ်းကြည့်နိုင်ပါတယ်..။ အောက်ပုံက ပုံနှစ်ခုယှဉ်ပြပေးထားတာပါ..။ ပိုနေတဲ့ တူးဘားတွေနဲ့ ဖြုတ်ထားတဲ့ တူးဘားတွေကို မိမိတို့ဖာသာ ရှာတတ်အောင်လို့ပါ...။

ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေ နားလည်လိမ့်မယ်လို့ ထင်ပါတယ်...။ 

Mozilla ထက်ပိုမြန်တဲ့ Google Chrome (Google Chrome မှာမြန်မာစာပေါ်အောင်လုပ်နည်း)



Google Chrome အသုံးပြုပုံ၊ အသုံးပြုနည်းကို ဝက်ဘ်ဆိုဒ်တော်တော်များမှာ ရေးထားကြတာတွေ့ဖူးပါလိမ့်မယ်..။ ကျနော်ကတော့ ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြန်ရှင်းပြထားတာပါ..။ ကျနော့်သူငယ်ချင်း တစ်ယောက်လည်း မလုပ်တတ်သေးလို့ ဖုန်းဆက်ပြီး ကျနော့်ကို မေးနေတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ google chrome မှာ မြန်မာစာပေါ်အောင်လုပ်လို့ရပေမယ့် တခါတလေ တချို့နေရာတွေမှာ အပြည့်အဝ အလုပ်မလုပ်ပါဘူး..။ လေးထောင့်ကွက်လေးတွေမဟုတ်ရင် ကမောက်ကမ စာလုံးတွေ မြင်ရတဲ့အခါ ရှိပါတယ်..။ နောက်တခါ ပြန်ဝင်ကြည့်ရင်ကောင်းနေပြန်ရော..။
ဘယ်လိုပဲဖြစ်ဖြစ် သုံးရတာတော့ သိပ်အကောင်းကြီးမဟုတ်တောင်မှ အတော်လေးတော့ အဆင်ပြေပါတယ်..။ နောက်ပြီး You Tube ကသီချင်းတွေကို ဒေါင်းလော့ချရတာလည်း လွယ်တယ်..။ IDM နီးနီးမြန်တယ်..။ လုပ်နည်းလေးကတော့ အောက်မှာကြည့်လိုက်ပါဗျာ.. မိမိတို့စက်ထဲမှာ Google Chrome မရှိသေးရင် ဒီနေရာလေးမှာ အရင် ဒေါင်းလော့ချလိုက်ပါ...။
မိမိတို့ရဲ့ စက်ထဲမှာ Google Chrome ရောက်ပြီဆိုရင်တော့ နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ.. မြန်မာစာရေးလို့ရအောင်၊ ပေါ်အောင်လို့ ဒီအောက်ကလင့်လေးကို copy ကူး ၊ Google Chrome ရဲ့ Google စာမျက်နှာမှာ paste နဲ့ ထည့်ပြီး Enter ခေါက်လိုက်ရင် ဒီအောက်က ပုံမျိုးကို မြင်ရပါပြီ..။ ဒီအောက်မှာပေးထားတဲ့ လင့်တွေဟာ Google Chrome နဲ့ဆို တခါထဲ ကလစ်ပြီးတန်းဝင်လို့ ရအောင် လုပ်ထားတဲ့ လင့်အရှင်တွေပါ..။ Chrome နဲ့ဆို နှိပ်ပြီးတန်းဝင်လိုက်ပါ...။
ကျန်တာတွေတော့ ပုံမှာပြထားတဲ့အတိုင်း ဆက်လုပ်သွားလိုက်ပါ...




အောက်ကပုံလေးအတိုင်း A,B,C,D နေရာတွေကိုနှိပ်ပြီ.. ဇော်ဂျီဝမ်းရှိတဲ့ နေရာကို သွားပြောင်းပေးလိုက်ပါ...



အောက်ကပုံကတော့ မိမိတို့ရဲ့ အကော့င်းပါတ့်စ်ဝါတ်တွေကို မမှတ်မိအောင်၊ မှတ်မထားအောင် သွားပြောင်းပေး လိုက်ပါ..။ သူများယူကြည့်တဲ့အခါ ကိုယ့်အကောင့်တွေ ပွင့်မလာအောင်လို့ပါ..။


ဒီအောက်ကပုံကတော့ မိမိတို့ ကြည့်ထားတဲ့ ဝက်ဘ်ဆိုဒ်တွေကို History ထဲမှာမှတ်ထားပေးပါတယ်..။ အဲဒါတွေကိုဖျက်ချင်ရင်တော့ ကီးဘုတ်ရှော့ကတ်ကီး Ctrl+H ကိုနှိပ်လိုက်ရင် ပေါ်လာပါပြီ..။ ဖျက်မယ်ဆိုရင်တော့ အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်လိုက်ပါ...။



Google Chrome နဲ့ You Tube ကသီချင်းတွေကို ဒေါင်းလော့ချချင်ရင်တော့ ဒီလင့် ( http://www.chromeextensions.org/utilities/ultimate-youtube-downloader/ )ကို copy ကူးပြီး Chrome ရဲ့ Google စာမျက်နှာမှာ paste ထည့် Enter ခေါက်လိုက်ရင် ဒီအောက်က ပုံလေးတွေအတိုင်း ပေါ်လာပါပြီ.. ဒေါင်းလော့speed ကတော့ IDM လောက်ကိုမြန်ပါတယ်...။ Connection ကောင်းဖို့တော့ လိုတာပေါ့ဗျာ..




Mozilla Firefox မှာ IDM အလုပ်လုပ်ဖို့ ဆိုရင်


12 Oct 12, 11:25 AM
thannaing:
ကိုလွင်မင်းဗိုလ်ရေ ကျွန်တော်firefoxမှာIDM အလုပ်မလုပ်ဘူးအစ်ကို ဘယ်လိုလုပ်ရလဲဆိုတာ ကျေးဇုးပြုပြီးပြောပြပေးပါနော် firefox 13.0 beta4ပါ IDM က6.9.7ပါ ကျေးဇူးပြုပြီးရှင်းပြပေးပါနော်
Mozilla နဲ့ပါတ်သက်လို့ ဒီနည်းလေးကို ရေးပေးဖို့ ကျန်နေပါသေးတယ်.. ဒီနေ့ ဒီအစ်ကိုမေးလာမှပဲ သတိယတော့တယ်.. ကိုthannaing သုံးတဲ့ IDM က ဗါးရှင်း နှိမ့်လွန်းလို့ Firefox 13.0 မှာ အလုပ်မလုပ်တာပါ.. ကျနော် မနေ့ တင်ပေးထားတဲ့ IDM 6.12 built 22 နောက်ဆုံးထွက် Update ကို Install ဆွဲထည့်လိုက်ရင် Mozilla မှာ IDM အလုပ်လုပ်ပါပြီ..။ IDM ကို Patch နဲ့  ဖူးဗါးရှင်း ဖြစ်အောင်လုပ်နည်းကို IDM 6.12 Beta Built 3 ပိုစ့်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ Patch ဖိုင်ထည့်နည်း အတူတူပါပဲ.. 
နောက်တခုက Mozilla ရော IDM ပါ  နောက်ဆုံးဗါးရှင်းတွေကို သုံးပေမယ့်လည်း Mozilla မှာ IDM အလုပ်မလုပ်သေးတဲ့သူများ ရှိခဲ့ရင် ဒီမှာ ပြထားတဲ့ နည်းနဲ့ လုပ်ပေးလိုက်ရင် Mozilla မှာ IDM အလုပ်လုပ်ပါလိမ့်မယ်..။ လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်ပေးပါ..


Mozilla Firefox ကို ဖွင့်ပါ.. အောက်မှာပြထားတဲ့ Add-ons ကို ကလစ်ပါ..


အောက်ကပုံအတိုင်း Extensions ကနေ သွားပြီး IDM CC နေရာမှာ Disable ကို Enable ဖြစ်ဖို့  တချက်ကလစ်ပေးလိုက်ပါ..


အောက်ကပုံအတိုင်း Restart now ကို ထပ်ကလစ်ပေးလိုက်ပါ..


မိုဇီလာ ပိတ်ကျသွားပြီး ပြန်ပွင့်လာရင်တော့ မိုဇီလာမှာ IDM အလုပ်လုပ်ပါပြီ.. အပေါ်ဆုံး ပုံအတိုင်း Add-ons ကနေ သွားပြန်ဝင်ကြည့်လိုက်ရင်တော့ အောက်မှာပြထားတဲ့ အတိုင်း IDM CC နေရာမှာ Enable ဖြစ်နေပါပြီ..


နောက်တခုက မိုဇီလာမှာ.. Error ခဏခဏပေါ်တဲ့ စက်တွေမှာ Plugins တွေကို Update လုပ်ပေးဖို့ လိုအပ်ပါတယ်.. ကြုံတုန်း ကျနော့်စက်မှာ လုပ်ဖြစ်သွားတာလေးကို ပြပေးလိုက်ပါတယ်.. အောက်ကပုံလိုမျိုး မိုဇီလာကို ဖွင့်သုံးနေတဲ့ အခါမှာ Update Plugins စာသားပေါ်လာပါက ကလစ်ပြီး Plugins တွေကို Update လုပ်ပေးလိုက်ပါ..


နောက်ပေါ်လာတဲ့ပုံလေးက အောက်ကအတိုင်းမြင်ရပါလိမ့်မယ်.. အဲ့ထဲမှာ Up to Date လို့ပြထားတဲ့ အစိမ်းရောင် ဖြစ်နေတဲ့ ကောင်လေးတွေကို လုပ်ပေးဖို့ မလိုပါဘူး.. အနီရောင်ပြထားတဲ့ ဟာနဲ့ အဝါရောင်ပြထားတဲ့ ဟာတွေကို ကလစ်ပြီး Update လုပ်ပေးလိုက်ပါ.. နောက်ပေါ်လာမယ့် အဆင့်ဆင့်နှိပ်ပေး ရမယ့် အဆင့်တွေကိုတော့ မပြတော့ပါဘူး..။ ပေါ်လာတဲ့ အတိုင်းသာ ဒေါင်းယူပြီး လုပ်ပေးလိုက်ရင် ရသွားပါပြီ.. အောက်ဆုံးပုံမှာ Shockwave Flash ပလောယာလေးကို Update လုပ်ပြီး ပြပေးလိုက်ပါတယ်.. အောက်ကပုံမှာ ကြတ်ခြေခတ်ပြထားတဲ့ ကောင်လေးတွေကိုတော့ Up to Date လုပ်ပေးဖို့ မလိုပါဘူး.. ဆန္ဒရှိရင်တော့ လုပ်ပေးလိုက်ပါ.. ကျနော်တော့ အဲ့ကြတ်ခြေခတ်လေးတွေကို Up to Date မလုပ်တော့ပါဘူး..။


အောက်ဆုံးပုံမှာတော့ Shockwave Flash ပလောယာလေး Up to Date ဖြစ်သွားပါပြီ.. တခြား Up to Date မဖြစ်သေးတဲ့ ကောင်လေးတွေကိုလည်း Up to Date ဖြစ်အောင် လုပ်ပေးလိုက်ရင် မိုဇီလာမှာ ခဏခဏပေါ်နေတဲ့ Plugins တွေနဲ့ ပါတ်သက်တဲ့ အယ်ရာတွေ ကောင်းသွားပါလိမ့်မယ်..

Activated လုပ်ပြီးသား Internet Download Manager v6.18 built 7 Final

Internet Download Manager ကို ကီးထည့်မတတ် Patch မထည့်တတ်သော သူငယ်ချင်းတွေအတွက် Activated လုပ်ပြီးသား Internet Download Manager v6.18 built 7 Final ကို တင်ပေးလိုက်ပါတယ်။ Acivated လုပ်ပြီးသားမို့ key ထည့်ရန် patch လုပ်ရန် မလိုတော့ပါ။ Install ပြီးတာနဲ့ Full အသုံးပြုလို့ရပါပြီ။ 

Key မထည့်တတ်သော သူငယ်ချင်းတွေ အထွက် အဆင်ပြေအောင် Fully Activated ကိုတင်ပေး လိုက်တာပါ။ တခုတော့ရှိပါတယ်။ မော်ဇီလာ က You Tube Video ဖွင့်စမ်းကြည့်ပါ ၊ Download Manager က အလုပ်မလုပ်သေးဘူး ဆိုရင် မော်ဇီလာ က Tool, Add-ons, Extensions မှာ IDM ရဲ့ ညာဘက်မှာ Enable ဖွင့်ပြီး မော်ဇီလာကို Restart ချလိုက်ပါ။

မော်ဇီလာပြန်ပွင့်လာရင် Internet Download Manager က ကောင်းစွာ အလုပ်လုပ်ပါပြီ။ အင်တာနက်က ဖိုင်တွေ ကြိုက်သလောက် စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီဗျာ။ Activated လုပ်ပြီးသား Internet Download Manager ကို Install မလုပ်ခင် အရင်ကဟာအကိုအရင် Uninstall လုပ်ပေးရမှာဖြစ်ပါတယ်။

စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

သီချင်းဖွင်ရင် ဂီတာလက်ကွက်ပြပေးတဲ့ ဆောစ့်ဝဲလ် 8MB

အနာဂတ်ကောင်းကင်ဆိုဒ်ကတွေ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်
လုပ်ဆောင်ချက်တွေကလည်းရိုးရှင်းပါတယ် 
ဂီတာတီးတတ်တဲ့သူငယ်ချင်းတွေအတွက် အဆင်ပြေပါစေဗျာ
Download>>>zippyshare (or)go4up

Sunday, June 1, 2014

Internet ကနေ free(အခမဲ့) ဖုန်း ခေါ်၍ရသောTuitalk soft ware

နိုငိငံပေါင်း 40 ကို Internet ကနေ
ဖုန်းသို့ အလကားခေါ်ချင်ပါသလား။(မသိသေးသူကိုသာ)
ပထမဆုံး Tuitalk ကိုအောက်မှာ     ဒေါင်း   လိုက်ပါ။
ဒေါင်ြး့ပီးရင်အောက်ကပုံတိုင်းရလာမယ်။


Install လုပ်ရန် ပုံကအတိုင်း ကလစ်ပါ။Next ကိုဆက်ပေးပါ.ပြီရင်အောက်မှာပြထားတဲ့ပုံအတိုင်းလုပ်ပါ။










ပြီးရင် Next ကိုဆက်သွားပါ။Next >Next>ပြီး Install > finish စသည်ဖြင့်ဆက်ကလစ်ပြီးရင်အောက်ကပုံအတိုင်းရလာမှာပါ။






ပုံကတိုင်း Tuitalk မှာ အကောင့်သစ်ပြုလုပ်ရန် ကလစ်ပါ။(ပုံကြီးချဲရန်ပုံကိုကလစ်ပါ)
ပုံမှာပြထားတဲ့အတိုင်း ဖြည့်စရာတွေကို ဖြည့်စွက်ပေးပါ။
ပြီးအောက်က ပုံတိုင်းဆက်လုပ်ပါ။
I accept လုပ်ြ့ပီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံတိုင်းရလာမယ်။
ပုံအတိုင်း Submit ကိုကလစ်ပါ။အောက်ကပုံတိုင်းရလာမယ်။
ြ့ပီးရင် အစောက tuitalk မှာသုံးထားတဲ့ gmail အကောင့်သွားဖွင့်လိုက်ပါ။
Wel come to tuitalk ဆိုပြီး tuitalk ကနေ အီးမေးတစ်ဆောင်ဝင်လာမှာပါ။
အဲဒါကိုဖွင့်လိုက်ရင် အောက်ကပုံတိုင်းရေးထားတာကိုတွေ့ ရမယ်။
ပုံကအတိုင်းဆက်သွားပါ။




ပုံမှာပြထားတဲ့အတိုင်းလုပ်ပါ။ပြီးရင်အောက်ကပုံတိုင်းရလာမယ်။




ပုံပါအတိုင်းလုပ်ပါ။အောက်ကပုံတိုင်းရလာမယ်။
ဒါဆိုရင်အကေင့်လုပ်တာပြီးပါပြီ။အဲတောDesktop ပေါ်က Tuitalker ကိုဖွင့်လိုက်ရင်အောက်ကပုံတိုင်းရလာမယ်။ပုံပါအတိုင်းလုပ်ပါ။
ပုံပါအတိုင်းလုပ်ပါ။အောက်ကပုံတိုင်းရလာမယ်။
ပုံပါအတိုင်းလုပ်ပါ။အောက်ကပုံတိုင်းရလာမယ်။








 စခေါ်လိုက်ရင် video ကြေငြာတွေအရင်မြင်ရမယ်..ဘာမှမလုပ်ပါနဲ့ 
ခဏလောက်စောင့်လိုက်ရင် မိမိခေါ်ထားတဲ့ဖုန်းကို ခေါ်ပေးလာမယ်။
ခေါ်တော့မယ်ဆိုရင်နိုင်ငံအရင်ရွေးပါ။ပြီးမှ နိုင်ငံcode ပါထည့်ရေးခေါ်ပါ။
အကောင့်တစ်ခုအတွက် Freeခေါ်ဆိုခွင့်သတ်မှတ်ချက်တွေရှိတာမို့ 
များများခေါ်ချင်ရင်တော့အကောင့်များများဖောက်ဖို့ နဲ့ 
အီးမေးလိမ်စာများများရှိဖို့ တော့လိုလိမ့်မယ်..တော်တော်လေး
လွယ်ကူပါတယ်။အဆင်လည်းပြေပါတယ်။ကိုယ်တိုင်လည်းသုံးနေပါတယ်။
အားလုံးအဆင်ပြေနိုင်ကြပါစေ