-->

Friday, November 15, 2013

pc game များ

animal game

မအားလပ်လို့ Post အသစ်များ ရေးမတင်နိုင်တာ အတော်ပင် ကြာပါပြီ။ မိမိ အပျင်းပြေ ဆော့ကစားနေတဲ့ ဂိမ်းလေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ သိတဲ့လူတွေ သိပါတယ်။ Animal Game လေးပါ။ အင်စတောလုပ်စရာ မလိုပါဘူး။ ပေါ့ပါးပြီး ဆော့ကစားလို့ ကောင်းပါတယ်။

တူညီတဲ့ အကောင်လေးတွေကို အချိန်တိုအတွင်းမှာ ချိတ်ဆက်ပေးရတဲ့ ကစားနည်းလေးပါ။ မျက်စိလျင်မြန်မှု၊ ဥာဏ်ရည် မြင့်မားမှုကို ပေးစွမ်းနိုင်တယ်လို့တော့ ဖတ်ဖူးပါတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ မျက်စိတော့ တော်တော်ညောင်းပါတယ်။ စိတ်ဝင်စားရင်ဒီမှာ Download လုပ်ယူပါ။



Governor of Pokergame
 
အပျင်းပြေတယ်လို့ ဆိုရမယ့် ဂိမ်းပါ။ စိတ်လှုပ်ရှားစရာ မလိုပဲ ဆော့ကစားလို့ ကောင်းပါတယ်။ Governor of Poker Game လေးပါ။ ဆော့ချင်လို့ ရှာဖွေထားတာပါ။ စာဖတ်သူများကို ပြန်လည်မျှဝေပေးပါတယ်။ Upload Site အခက်အခဲကြောင့် ဖိုင်လေးခု ခွဲတင်ထားပေးပါတယ်။ winrar နဲ့ ပြန်ပေါင်းရမှာပါ။ အဆင်ပြေပါစေ။

Download (1) , Download (2) , Download (3) , Download (4)

 Tank Wars Game



အပျင်းပြေ ဆော့ကစားဖို့ အင်စတောလုပ်စရာမလိုပဲ ဖိုင်ဆိုဒ်သေးတဲ့ ဂိမ်းလေးတွေ ဖော်ပြ ပေးချင်ပါတယ်။ လွယ်ကူစွာ ဆော့ကစားနိုင်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းလေးပါ။ Tank Wars Game အမည်ရပါတယ်။ ဆော့ကစားချင်သူများ ဒီတွင် Download လုပ်ယူပါ။
 
 
 Red Alert Game
 
၂၀၀၃/ ၂၀၀၄ တုန်းက သဲကြီးမဲကြီး ဆော့ကစားတဲ့ ဂိမ်းပါ။ ထမင်းမစား၊ ဟင်းမစားနဲ့ နေ့မအိပ်၊ ညမအိပ် ဆော့ကစားတဲ့ ဂိမ်းလဲ ဖြစ်ပါတယ်။ အဲဒီဂိမ်းကတော့ လူတိုင်းသိတဲ့ Red Alert Game ပါ။ စစ်တိုက်ရာမှ ငွေကြေးတောင့်တင်းဖို့၊ လူအင်အားများဖို့၊ ပရိယာယ်ကြွယ်ဝဖို့ စတာတွေ အများကြီးလိုတဲ့ ဂိမ်းလေးပါ။


နေရာတိုင်းမှာလဲ ရှိနေပါတယ်။ မိမိလဲ သူငယ်ချင်းတစ်ယောက် အကူအညီကြောင့် ရခဲ့တာပါ။ သူငယ်ချင်း ပို့ပေးလို့ ဒီဂိမ်းလေးကို ရရှိခဲ့ပြီး ဆော့ကစားခဲ့တာပါ။ အခု လိုအပ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download (1) Download (2) ယူပေတော့။


ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်း
 
ဆော့ချင်လို့ လိုက်ရှာနေတာ မရခဲ့ဘူး။ ဒါနဲ့ သူငယ်ချင်းတစ်ယောက် ဂိမ်းမျိုးစုံပါတဲ့ အခွေကို ၀ယ်လာတော့ အဲဒီအခွေထဲ ပါလာတယ်။ ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်းလေးပါ။ လမ်းသရဲတွေ ပြိုင်တာ။ ထိုးတာ ကြိတ်တာတောင် ပါသေး။

ရဲကလဲ လိုက်ဖမ်းတယ်။ ဆိုင်ကယ်က ပြိုင်ရတာ အစီး(၁၅)စီး။ ပထမ၊ ဒုတိယ၊ တတိယ ရမှ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံနဲ့မှ ဆိုင်ကယ်ကို ၀ယ်လို့ရတယ်။ ပြောတာ ကြာပါတယ်။ ဒီမှာသာ Download ပေတော့။


Cartoon Network
 
Cartoon Network က နာမည်လဲ တော်တော်ကြီးသလို ကလေးလူကြီး ကြိုက်တဲ့ ရုပ်မြင်လိုင်းတစ်လိုင်း ဖြစ်ပါတယ်။ မိမိတောင် ကာတွန်းကားများနဲ့ လက်မလွှတ်သေးပါဘူး။ (ဟီး ကလေးစိတ် မကုန်သေးဘူးလို့ မပြောနဲ့နော်) အင်တာနက် သုံးရင်းနဲ့ ထူးထူးခြား ဂိမ်းလေး ရလာတယ်။ Cartoon Network Game တွေ။ ၅၁ မျိုးတောင် ပါတယ်။

ဂိမ်းတွေက Flash တွေဆိုတော့ Install လုပ်စရာ မလိုသလို တော်တော် ပေါ့ပါးတယ်။ ရှိလှ ဂိမ်းတစ်ခုကို 1 MB ပေါ့။ အပျင်းပြေ လျှောက်ဆော့ကြည့်တာ တစ်မျိုးတော့ ကောင်းတယ်။ ဆော့ရင်းနဲ့ အိပ်ပျော်သွားတယ်။ ဟီး။ နောက်တာ။ လိုချင်ရင် ယူစေဗျာ။ Download

Mario Game
 
မိမိတို့ ကလေးဘ၀တုန်းက ဂိမ်းစက်တွေ စပေါ်တော့ Family Game ပါ။ နောက်တော့ နီပန်ဒိုး။ ပြီးတော့ Sony Game။ PS2 ... PS3 , Network Game စသဖြင့် ပေါ်လာခဲ့တယ်။ မည်သည် ဂိမ်းအမျိုးအစားနဲ့ ကစားနည်းသစ်တွေ ပေါ်စေခဲ့မူ မိမိတို့ရဲ့ အသည်းမှာ စွဲနေခဲ့တဲ့ ကစားနည်းတစ်ခုကတော့ Mario Game လေးပါ။

အဲဒီ ဂိမ်းလေးကို ဆော့ကစားချင်စိတ် ဖြစ်မိတာနဲ့ အင်တာနက်မှာ ပြန်လည်ရှာဖွေခဲ့ပါတယ်။ ဖရီးနဲ့ အပြည့်ဆော့လို့ရတာကို ရှာရသေးတယ်။ ရလာတော့ ကွန်ပျူတာထဲ သွင်းပြီး ဆော့ကြည့်တယ်။ အရင်အတိုင်းပဲ ဆော့ကောင်းဆဲပါ။ ကဲပါလေ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။



Super Mario
 
 
တစ်နေ့က အပျင်းပြေ Super Mario ဆော့ချင်တာနဲ့ ဒေါင်းယူခဲ့တာ လိုချင်တာ မရပဲ Mario နဲ့ ခပ်ဆင်ဆင် ဂိမ်းလေးတစ်ခု ရခဲ့ပါတယ်။ ဆော့ကြည့်တော့ ကောင်းတယ် ဆိုရမယ်။ ဒါကြောင့် စာဖတ်သူတွေလဲ အပျင်းပြေ ဆော့ကစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download ယူပါ။ ပျော်ရွှင်ပါစေ။
 
 
 
 Counter Game
 
Counter Game နဲ့ နင်လား ငါလားပဲ။ ပစ်မယ် ခတ်မယ်။ ကွန်ပျူတာ ဂရပ်ဖစ် အများကြီး မလိုဘူး။ ဆော့ကောင်းတယ်။ ခေတ်မီတယ်။ ဆော့ပြီးရင် ဆော့ချင်လိမ့်မယ်။ ကြိုက်တဲ့ ဇာတ်ကောင်ကို ရွေးဆော့နိုင်တယ်။ ရန်သူကို အမုန်း ပစ်ခတ်လို့ ကောင်းတဲ့ သေနတ်တွေ ပေးတယ်။ ပြောရင်နဲ့ ဆော့ချင်နေပြီး မဟုတ်လား။ ယူတော့ဗျာ ဒီမှာ Download
 
 
 
tank car game

မယ်


ဂိမ်းတွေ စပေါ်တော့ နီပန်ဒိုဂိမ်းစက်တွေ ဖြစ်ပါတယ်။ နီပန်ဒိုဂိမ်းစက်မှာ ကစားနည်းတွေက မှိုကစားနည်း၊ မိမိစခန်းကို စောင့်ရှောက်တဲ့ တင့်ကား ကစားနည်း၊ အတုံးဆက်နည်း ... စသဖြင့် ဆော့ကစားခဲ့ကြရမှာပါ။ အဲဒီတုန်းက ကလေးတိုင်း ဆော့ကစားဖူးတဲ့ တင့်ကားဂိမ်းလေးကို ကွန်ပျူတာနဲ့ ဆော့လို့ရအောင် ပြုလုပ်ထားပါတယ်။ မိမိစကားကို အုတ်တွေနဲ့ ကာထားမယ်။ ဘယ်ညာကနေ ရန်သူတင့်ကားတွေ ထွက်လာမယ်။ မိမိက စခန်းချုပ်ကို စောင့်ရှောက်ပြီး ရန်သူတင့်ကားတွေကို တိုက်ခိုက်မယ်။ အဲဒီ ကစားနည်းလေးပါ။ စိတ်ဝင်စားသူများ ဒီမှာ Download လုပ်ယူပါ။
 
 
 
 သေနတ်ပစ်တာ ခတ်တာ ၀ါသနာ ပါသူများအတွက်
 သေနတ်ပစ်တာ ခတ်တာ ၀ါသနာ ပါသူများအတွက်ပါ။ ဒီဂိမ်းလေးကတော့ ညအမှောင်ထဲ အိမ်ကြီးထဲမှာ သရဲတစ္ဆေများကို ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ နည်းနည်းတော့ ကစားလို့ ကောင်းပါတယ်။ ကျွန်တော် အားလပ်တဲ့ အချိန်တွေမှာ ကစားတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။ စာဖတ်သူများလဲ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဂိမ်းအရွယ်အစားဆိုဒ်က 9 MB ပဲ ရှိပါတယ်။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူပါ။ ဂိမ်းဆော့ဝဲလ် များများ ဖော်ပြပေးဖို့ တောင်းဆိုတဲ့ မသဇင်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်ကြပါစေ။
 
 
 
 
 
 
မြန်မာဖဲဂိမ်း
 ဖဲကို ၀ါသနာ ခုံမင်သူများအတွက်ပါ။ အားရင် ကွန်ပျူတာမှာ ပါတဲ့ ဖဲချပ်ပဲ ကစားနေတဲ့ သူများအတွက် မြန်မာလို ဖဲကစားနိုင်ပါပြီး။ ဖဲကစားနည်းကိုလဲ ထည့်သွင်းဖော်ပြပေးထားပါတယ်။ အင်စတော လုပ်စရာ မလိုပါ။ ဒီဖိုင်ထဲမှာ ပါဝင်တဲ့ မြန်မာ ဖောင့်လေးသာ Control Panel ထဲက Font ထဲ ထည့်ပေးရုံပါ။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူနိုင်ပါတယ်
 
 
 FOOTBALL MANAGER 
 
ဘောလုံးဝါသနာရှင် အားကစားသမားများအတွက်ပါ။ ကြိုက်နှစ်သက်သူများ စိတ်တိုင်းကျမှာပါ။ အောက်မှာ ပေးထားတဲ့ လင့်(၁၁)ခုလုံးကို ဒေါင်းလုပ် ယူရမှာ ဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။

FOOTBALL MANAGER 2008 (513MB)


ဓါတ်ပုံ


Download Link:
 1.http://ifile.it/mgilk4b
 
 
 
 ကွန်ပျူတာဂိမ်းဆော့ဝဲလ်
 ကွန်ပျူတာ ဂိမ်းကို ကြိုက်နှစ်သက်သူများအတွက် ဖြစ်ပါတယ်။ အကယ်၍ ကွန်ပျူတာဂိမ်းဆော့ချင်တဲ့ User များထဲက အပစ်အခတ်ကို ကြိုက်တယ် ဆိုရင်တော့ သဘောကျမလားပဲ။ ကောင်းမကောင်းတော့ ဆော့ကြည့်မှ သိမှာပါ။ ဒီမှာ Download လုပ်ယူပါ။
 
 
ကြက်ဖတိုက်ကြရအောင်
 ဟီး အကုသိုလ်များလိုက်အုံးမယ်။ ကိုယ်ကြက်ဖနဲ့ သူ့ကြက်ဖ ဘယ်သူနိုင်မလဲ၊ တိုက်ကြည့်ပါလား။ ကြက်ဖတွေက သန်သန် မာမာ တွေကြီးပဲနော်။ သွေးထွက်သံယို မမြင်ချင်ရင် တော့ မကစားပါနဲ့။ ဘာလို့လဲဆိုတော့ ကြက်တွေက တိုက်ပြီးဆိုရင် သွေးထွက်အောင် တိုက်ကြတာလေ။ ကစားနည်းလေးက လွယ်ကူပါတယ်။ ဂိမ်းဆိုက်ကလဲ သေးသေးလေးပါ။ ဒီမှာ Click လုပ်ယူပါ။